ဒီကားလေးကတော့ ကြည့်တိုင်းမရိုးပဲ ကြည့်ကောင်းတဲ့ရုပ်ရှင်လေးဖြစ်ပါတယ်။ Kang Han Na တစ်ယောက် အသံအရမ်းကောင်းပေမဲ့ သူမမှာ ပြစ်ချက်လေးရှိတာကတော့ အ၀လွန်နေတာပဲဖြစ်ပါတယ်။ သူမအသံကို Ami ဆိုတဲ့ အဆိုတော်မလေးအတွက် စင်နောက်ကနေသီဆိုပေးနေရသူဖြစ်ပါတယ်။ သူမအနေနဲ့ အဲ့လိုဆိုပေးနေရပေမဲ့လည်း သူမတိတ်တခိုးချစ်နေရသူအနားမှာရှိတာကြောင့် ဆက်ပြီး စင်နောက်ကနေပဲသီဆိုပေးနေခဲ့ပါတယ် တစ်နေ့မှာတော့ ကြိတ်ချစ်နေရသူဆီကနေ မထင်မှတ်တဲ့စကားတွေကြားပြီးနောက်မှာတော့ သူမရဲ့အဆီပိုတွေကို ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ် အဲ့လိုဖယ်ရှားပြီးနောက်ဘာတွေဆက်ဖြစ်မလဲ သူမကြိတ်ချစ်နေရသူအနားကိုရော ယုံကြည်မှုရှိရှိပြန်လာနိုင်ပါ့မလားဆိုတာကိုကြည့်လိုက်ရအောင်ပါ
facebook ကနေ ဒေါင်းယူသူများအနေဖြင့် လင့်ကို chrome browser မှာဖွင့်ကာ ဒေါင်းယူနိုင်ပါတယ်






